ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

မြစေတီကျောက်စာ(ရာဇကုမာင်္ရကျောက်စာ)

မြစေတီဘုရားသည် မြင်းကပါရွာရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ် မြန်မာ့သမိုင်းမှာ ထင်ရှားလှတဲ့ မြစေတီကျောက်စာလို့ခေါ်တဲ့ ရာဇကုမာရ်ကျောက်စာ ကြောင့်လဲမြစေတီဘုရားကို လူသိများလှပါတယ်။ မြစေတီဘုရားနေရာမှာ ရှေးခေတ်အခါက ဂူဘုရားတစ်ဆူရှိခဲ့ပြီး ရာဇကုမာရ်မင်းသားက ခမည်းတော် ကျန်စစ်သားမင်းကြီးကို ရွှေဆင်းတုရုပ်ပွားတော် တစ်ဆူရေစက်ချလှူစေခဲ့ပြီး ဌာပနာမှု့ပြုခဲ့တဲ့ ဂူဘုရားတစ်ဆူဖြစ်ကြောင်း လေ့လာသိရှိရပါတယ် မြစေတီဂူဘုရားဟာ ကုန်းဘောင်ခေတ်မှာ ပျက်စီးယိုယွင်းသွားလို့ စေတီတော်သစ်တစ်ဆူ တည်ခဲံ့တယ်လို့ အဆိုရှိပါတယ်။

0 comments: