ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

အပါယ်ရတနာဘုရား

အပါယ်ရတနာဘုရားဟာ မြင်းကပါရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ ကျန်စစ်သားဟာ စောလူးမင်းရဲ့ ရန်ကိုတိန်းရှောင် ထွက်ပြေးရစဉ်မှာ အပါယ်ရတနာက တိတ်တဆိတ် လာရောက်တွေ့ဆုံပြီး စားကောင်းသောက်ဖွယ်တွေ ပေးပို့လေ့ရှိပါတယ် နောင်ကျန်စစ်သားမင်း ဘုရင်ဖြစ်လာတဲ့အခါ တိတ်တဆိတ် တွေ့ဆုံဘူးရာနေရာကို ကျန်စစ်သားမင်းနဲ့ အပါယ်ရတာနာမိဖုရားတို့က ဂူဘုရားတစ်ဆူတည်ထား ကိုးကွယ်ခဲ့တာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ အပါယ်ရတနာဂူဘုရား အတွင်းမှာတော့ နံရံဆေးရေးပန်းချီ ရေးဆွဲထားတာကြောင့် လေ့လာမှတ်သားဖွယ်ရာ ကောင်းပါတယ်။ နံရံဆေးရေးပန်းချီတွေကိုလဲ ရှေးဟောင်းမွန်ဘာသာနှင့် ကဗျည်းစာ ရေးထိုးထားတာကိုလဲ လေ့လာမြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။

0 comments: