ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

သဗ္ဗညုဘုရားကတော့ ပုဂံမြို့ဟောင်းအတွင်း အရှေ့တောင်ဘက် ထောင့်မှာ တည်ရှိပါတယ်။ သဗ္ဗညုဘုရားဟာ အလောင်းစည်သူမင်းရဲ့ ကောင်းမှု့တော်ဖြစ်ပါတယ်။ ပုဂံတစ်ဝိုက်မှာ ထုထည်ကြီးမားလှပြီး ဥာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်တာမို့ အဝေးတစ်နေရာကနေ ကြည့်ရင်တောင် ထင်ရှားပေါ်လွင်လှပါတယ်။ သဗ္ဗညုဘုရားဟာ ဥာဏ်တော် ပေ၂၀၀ လောက်အမြင့်ရှိပြီးေ၇ှးခေတ် အခါက ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့နဲ့ ပိဋကတ် တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့ လေ့လာသိရှိရပါတယ်။ သဗ္ဗညုဘုရားကြီးဟာ ဘေးတက်လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော် ထားရှိတဲ့ ကန္ဓကုဋိတိုက်ခေါင်မိုး ပေါ်မှာအုတ်တွေနဲ့ပဲ တည်ဆောက်ထားတာဟာလဲ ထူးခြားတဲ့ဗိသုကာလက်ရာဖြစ်ပါတယ်။

0 comments: