ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

မနူဟာဘုရားဟာ မြင်းကပါရွာမှာ တည်ရှိပါတယ်။ သထုံဘုရင် မနူဟာမင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ မနူဟာမင်းက တည်ခဲ့တာမို့ မနူဟာဘုရားလို့ အမည်တွင်ပါတယ်။ ပုဂံဘုရင် အနော်ရထာမင်းမြတ်ဟာ ခမာတို့ရဲ့ အန္တရာယ်ကို ကြုံတွေ့နေရတဲ့ မနူဟာမင်းကို သွားရောက်ကယ်တင်ရာမှ အပြန်ခရီးမှာ မနူဟာမင်းကိုလဲ အသက်ဘေးမှကာကွယ်တဲ့ အနေနဲ့ ပုဂံကိုလိုက်ပါလာစေခဲ့ပါတယ်။ မနူဟာမင်းဟာ ပုဂံမှာနေစဉ်အတွင်းမှာ သူ့ရဲ့မနောမယလက်စွပ်တော်ကို မြင်းကပါသူဌေးထံရောင်းချပြီး မြင်းကပါအရပ်မှာ စေတီတော် တစ်ဆူတည်ထား ကိုးကွယ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါတယ်။

0 comments: