ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင်ဘက်ယွန်းယွန်း ဧရာဝတီမြစ် ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဥာဏ်တော်ပေ(၁၆၀)၊ ဖိနပ်တော် အကျယ်ပေ(၁၆၀)ပမာဏရှိကာေ၇ွှရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိသည်။ ရွှေစည်းခုံဘုရားကြီးကို ၁၀၃၁ခှုနှစ်တွင် အနော်ရထာ မင်းကြီးစတည်ရာ ၁၀၅၉ခုနှစ်တွင် အတွင်းထပ်စေတီပြီးခဲ့သည်။ ကျန်စစ်သားမင်းကြီး လက်ထက်၁၀၈၉ခုနှစ်တွင် ကျန်အပိုင်းကိုဆက်တည်ရာ ၁၀၉၀ခုနှသ် တွင်လုံးဝ ပြီးစီးခဲ့သည် ဟုဆိုပါသည်။ မြတ်စွာဘုရား၏ စွယ်တော်၊ နဖူးသင်းကျစ်တော် များကိုဌာပနာထားသော မြေပေါက်စေတီမျိုးဖြစ်ပါသည်။ စေတီလေးဘက် များတွင် မတ်ရပ်ကြေးရုပ်ပွားတော်တစ်ဆူစီရှိပါသည်။ ရွှေစည်းခုံဘုရား ၀င်းအတွင်းတွင် တစ်နှစ်ပတ်လုံးပွင့်သည့် ခရေပင်ကြီးသည် ထူခြားမှု့တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေပါသည်။ ရွှေစည်းခုံဘုရားပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်းကားသိုက်မြိုက်စွာကျင်းပပြီး တစ်လပတ်လုံး ဈေးဆိုင်ခန်းများဖြင့် ခင်းကျင်းထားပါသည်။ပုဂံတွင် ရှားရှားပါးပါး ကျောက်ဖြင့်တည်ထားသော စေတီဖြစ်ပြီး ပြည်သူတို့ လုပ်အားဖြင့် တူရင်းတောင်မှ ကျောင်များကို လက်ဆင့် ကမ်းသယ်ယူပြီး ဒါနပြုခဲ့ကြသည် ဟုကြားသိရပါသည်။

0 comments: