ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

ငှက်ပစ်တောင်စေတီကို ညောင်ဦးမြို့တွင်းအ၀င် ကားလမ်းနဘေးမှာ တည်ရှိတဲ့ ဘုရားနီဘုရားရဲ့အလွန် အရှေ့ဘက်ကိုချိုးဝင် သွားရောက် ဖုးမျှော်နိုင်ပါတယ်။ ငှက်ပစ်တောင်လို့ဆိုပေမဲ့ တောင်ကုန်းတောင်းတန်းကြီး မဟုတ်ပဲ အမြင့်ပေ(၂၅ပေ) လောက်သာရှိတဲ့ တောင်ပူစာကလေး ဖြစ်ပါတယ်။ အနော်ရထာမင်းမြတ်ရဲ့ ငှက်ပစ်တောင်အထက်မှာ တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ဥာဏ်တော်၁၈ပေ မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကိုလဲ ဖူးတွေ့နိုင်ပါတယ်။ ငှက်ပစ်တောင်ဘုရားဟာ ပျူစောထီးရာဇ၀င်နဲ့လဲ ဆက်စပ်နေပါတယ်။ အနော်ရထာမင်းလက်ထက်မှာ သထုံဒေသက ကြွရောက်လာတဲ့ ရှင်အရဟံမထေရ်မြတ်ရဲ့ အုတ်ကျောင်းတည်ရှိပါတယ်။

0 comments: