ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

ရွှေဆံတော်ဘုရားဟာ အာနန္ဒာဘုရား အနောက်ဘက်မုဒ်က ထွက်ပြီး တောင်ဘက်ခရီး ၂ဖာလုံလောက် အကွာမှာတည်ရှိပါတယ်။ ဒီစေတီတော်ကို အနော်ရထာမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာ ဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ အနော်ရထာမင်းမြတ် ဥသာပဲခူးမှာ ခမာလူမျိုးတွေ တိုက်ခိုက်ဝင်ရောက်ခဲ့စဉ်က စစ်ကူ ပေးခဲ့အတွက် ဥသာမင်းက ဆက်သတဲ့ ဆံတော်ကို ဌာပနာပြုပြီး စေတီတော် တည်ထားကိုးကွယ် ခဲ့တာလို့ လေ့လာသိရှိရပါတယ်။ ရွှေဆံတော်ဘုရားဟာ မက်စောက်တဲ့ လှေကားများနဲ့ ပုဂံဘုရားများကို အပေါ်စီးမှ လှပစွာ မြင်တွေ့နိုင်တာကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များသဘောကျ နှစ်ချိုက်တဲ့ ဘုရားတစ်ဆူဖြစ်ကြောင်း သိရှိရပါတယ်။

0 comments: