ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ ပုဂံမြို့တောင်ဘက် ကားလမ်းမဘေးမှာတည်ရှိပါတယ်။ နရပတိစည်သူမင်းကြီး ရဲ့ကောင်းမှု့တော်ဖြစ်ပြီးပြီး စေတီတော် တည်ထားကိုးကွယ်စဉ်အတွင်း နရပတိစည်သူမင်း နတ်ရွာစံ ကံတော်ကုန်သွားလို့ သားတော်နားတောင်းများမင်းက ဆက်လက်တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ ထုထည်ကြီးမားပြီး ဥဏ်တော်(ပေ၁၈၀) မြင့်မားကြောင်း လေ့လာသိရှိရပါတယ်။ လှိုဏ်ဂူတော် အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကိုလဲ ကြည်ညိုဖူးမျှော် မြင့်တွေနိုင်ပါတယ်။ အလောင်းစည်သူမင်းလက်ထက် မိဘဘိုးဘွားတွေကို ကန်တော့ရာနေရာမှာ တည်ထားကိုးကွယ်ခဲ့တာဖြစ်လို့ ကန့်တော့ပလ္လင် လို့ဆိုကြရာက နောင် ဂေါတော့ပလ္လင်လို့ ဖြစ်လာကြောင်းလေ့လာသိရှိရပါတယ်။

0 comments: