ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

ရွှေဂူကြီး ဘုရားကတော့ ပုဂံမြို့အ၀င် သရပါတံခါးရဲ့ အတွင်းပိုင်း အနောက်ဘက်မှာ တည်ရှိပါတယ်။ အမြင့်၁၂ပေ ရှိတဲ့ အုတ်ခုံထက်မှာ တည်ဆောက်ထားပါတယ်။ ရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းနန်းတက်လာပြီးတဲ့ နောက် ရဟန်းသံဃာတွေနဲ့ ညှိုနှိုင်းတိုင်ပင်ပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာရှိတဲ့ ကန္ဓကုဋိတိုက်ပုံစံ ကိုအတုယူ တည်ဆောက်ထားတာလို့ ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။ ရွှေဂူကြီးဘုရားအတွင်းမှာ ပါဋ္ဌိဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာချပ်ကို နံရံမှာထည့်သွင်း တည်ဆောက်ထားပြီး ပါဋ္ဌိကဗျာလင်္ကာကို ပိုဒ်ရေ ၁၀၀နဲ့ ရေးဖွဲ့ထားတာကို မှတ်သားဖွယ်ရာတွေ့မြင်ကြရမှာ ဖြစ်ပါတယ်

0 comments: