ဇော်ဂျီဖောင့်ရယူရန်

နှလုံးသားသစ္စာ

ပြောကြမယ်

Followers

ပုဂံ-ညောင်ဦး

လောကနန္ဒာစေတီသည် ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။
လောကနန္ဒာစေတီကို အေဒီ၁၀၅၉တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ဌာပနာ ခဲ့သည်။
လောကနန္ဒာစေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စာယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖေါင်းရစ် အဆင့်ဆင့်ဖြင့်တည်ဆောက်ထားသည်။
လောကနန္ဒာစေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။
လောကနန္ဒာစေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက်အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃မီတာ(၆ပေခန့်) မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကိုဖူးမျှော်နိုင် ပါသည်။

လောကနန္ဒာဘုရားအနီးတွင် လောကနန္ဒာဘေးမဲ့ဥယျာဉ်တည်ရှိသည်။
လောကနန္ဒာ ဘေးမဲ့ဥယျာဉ်အတွင်း ကမ္ဘာ့ရှားပါးမျိုးစိတ် စာရင်းဝင် ကြယ်လိပ်များကို ၂၀၀၁ ခုနှစ်တွင် မွေးမြူခဲ့ပြီး ကောင်ရေ ၄၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။ လောကနန္ဒာဘုရားအနီး ညောင်ဦး- ချောက်သွားကားလမ်း၏ ၀ဲဘက်တွင် ကပ်လျက်ရှိပြီး ရွှေသမင်၊ ကြိုးကြာ၊ သင်္ဘောယုန်များအား ခြံခတ်မွေးမြူထားကာ ဒရယ်၊ ဆတ်၊ ဂင်လိပ်၊ ဒေါင်း၊ ကြောင်ဝံပိုက်၊ ယုန်၊ ကြက်တူရွေးတို့ကို သဘာဝအတိုင်း မွေးမြူထားကြောင်းသိရသည်။
ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင်ဘက်ယွန်းယွန်း ဧရာဝတီမြစ် ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဥာဏ်တော်ပေ(၁၆၀)၊ ဖိနပ်တော် အကျယ်ပေ(၁၆၀)ပမာဏရှိကာေ၇ွှရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိသည်။ ရွှေစည်းခုံဘုရားကြီးကို ၁၀၃၁ခှုနှစ်တွင် အနော်ရထာ မင်းကြီးစတည်ရာ ၁၀၅၉ခုနှစ်တွင် အတွင်းထပ်စေတီပြီးခဲ့သည်။ ကျန်စစ်သားမင်းကြီး လက်ထက်၁၀၈၉ခုနှစ်တွင် ကျန်အပိုင်းကိုဆက်တည်ရာ ၁၀၉၀ခုနှသ် တွင်လုံးဝ ပြီးစီးခဲ့သည် ဟုဆိုပါသည်။ မြတ်စွာဘုရား၏ စွယ်တော်၊ နဖူးသင်းကျစ်တော် များကိုဌာပနာထားသော မြေပေါက်စေတီမျိုးဖြစ်ပါသည်။ စေတီလေးဘက် များတွင် မတ်ရပ်ကြေးရုပ်ပွားတော်တစ်ဆူစီရှိပါသည်။ ရွှေစည်းခုံဘုရား ၀င်းအတွင်းတွင် တစ်နှစ်ပတ်လုံးပွင့်သည့် ခရေပင်ကြီးသည် ထူခြားမှု့တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေပါသည်။ ရွှေစည်းခုံဘုရားပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်းကားသိုက်မြိုက်စွာကျင်းပပြီး တစ်လပတ်လုံး ဈေးဆိုင်ခန်းများဖြင့် ခင်းကျင်းထားပါသည်။ပုဂံတွင် ရှားရှားပါးပါး ကျောက်ဖြင့်တည်ထားသော စေတီဖြစ်ပြီး ပြည်သူတို့ လုပ်အားဖြင့် တူရင်းတောင်မှ ကျောင်များကို လက်ဆင့် ကမ်းသယ်ယူပြီး ဒါနပြုခဲ့ကြသည် ဟုကြားသိရပါသည်။
ဓမ္မရာဇိက ဘုရားဟာ ဖွားစောရွာအနီးမှာ တည်ရှိပါတယ်။ ဓမ္မရာဇိကဘုရားကို နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဥာဏ်တော် ၁၈၀ပေမြင့်တဲ့ အာရုံခံမုဒ်ဦး ၅ခုနဲ့ တည်ဆောက်ထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ပုဂံမှာ ၅မျက်နှာဘုရား ၁၇ဆူရှိတဲ့အနက်က အကြီးဆုံးဘုရားတစ်ဆူ ဖြစ်ပါတယ်။ ဓမ္မရာဇိကဘုရားကို နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့ပါတယ်။ နရပတိစည်သူမင်းသည် သမိန်ထီးအရပ်မှာ ရှိတဲ့ မထေရ်မြတ်တို့ကိုခွင့်ပန်ပြီး စေတီတော်တည်မဲ့ မြေနေရာကို ရွေးချယ်ခဲ့ပါတယ်။ စေတီတော်ကြီးဟာဥာဏ်တော်မြင့် မားလှာတာမို့ အဝေးကလှမ်းကြည့်ရင်တောင် ဖူးတွေ့နိုင်ပါတယ်။ ဂူဘုရားအတွင်းမှာ နံရံဆေးေ၇းပန်းချီနဲ့ မင်စာကဗျည်းမှတ်တမ်းတွေကို လေ့လာမှတ်သားနိုင်ပါတယ်။ ဓမ္မရာဇိကဘုရားပွဲတော်အတွင်းတွင် နှစ်စဉ် မြင်းစီးပြိုင်ပွဲ ပြုလုပ်လေ့ရှိသည်။