ဇော်ဂျီဖောင့်ရယူရန်
Labels
- စွယ်တော်လေးဆူ (2)
- ပုဂံဘုရားများ (17)
Blog Archive
နှလုံးသားသစ္စာ
ပြောကြမယ်
Followers
ပုဂံ-ညောင်ဦး
မဟာဗောဓိ စေတီတော်ဟာ ပုဂံမြို့ဟောင်းအတွင်း ဧရာဝတီမြစ်ဆိပ်ကို သွားရာလမ်းဘက်မှာ တည်ရှိပါတယ်။ မဟာဗောဓိ စေတီတော်ဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိ စေတီကိုပုံစံယူ တည်ဆောက်ထားတာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။ စေတီတော်ပုံစံကိုတော့ ပုဂံသားတွေ မဇ္စျိမဒေသမှာရှိတဲ့ မဟာဗောဓိစေတီ ပျက်စီးယိုးယွင်းနေတာကို သွားရောက်ပြုပြင်ကြရာက အတုယူရရှိခဲ့တယ်လို့ မှတ်သားဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မဟာဗောဓိစေတီရဲ့ လှိုဏ်ဂူတော်အတွင်းမှာတော့ ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူရှိပြီး အင်းဝခေတ် မင်စာအရလဲ နားတောင်များမင်းရဲ့ ကုသိုလ်တော်လို့ လေ့လာသိရှိရပါတယ်။ ထူးခြားတာကတော့ မဟာဗောဓိစေတီတော်ဝန်းကျင်မှာ မဇ္ဈိမဒေသဗုဒ္ဓဂါယာလို သတ္တဌာနဆိုင်ရာ အမှတ်အသား အဆောက်အအုံတွေ တည်ဆောက်ထားတာကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment