ဇော်ဂျီဖောင့်ရယူရန်
Labels
- စွယ်တော်လေးဆူ (2)
- ပုဂံဘုရားများ (17)
Blog Archive
နှလုံးသားသစ္စာ
ပြောကြမယ်
Followers
ပုဂံ-ညောင်ဦး
ထီလိုမင်းလို ဘုရားကတော့ ပုဂံ-ညောင်ဦးသွား ကားလမ်းနဘေးမှာ တည်ရှိပါတယ်။ နရပတိစည်သူမင်းလက်ထက်မှာ စတင်တည်ခဲ့ပေမဲ့ သားတော် ဇေယျသိခ်ခေါ် နားတောင်းများမင်း လက်ထက်မှာမှ အပြီးသတ်တည်ထား ကိုးကွယ်ခဲ့တာဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထီးလိုမင်းလို စေတီတော်ဟာ နရပတိစည်သူမင်း နတ်ရွာစံချိန်မှာ သားတော်ငါးပါးရဲ့အလည်မှာ ထီးဖြူစိုက်စေပြီး မင်းဖြစ်မဲ့သူဘက် ထီးတော်ညွတ်စေဖို့ အဓိဌာန်ပြုခဲ့ရာမှ ဇေယျသိခ်မင်းဘက် ထီးတော်ညွတ်ခဲ့တာမို့ ထီးကလဲလို မင်းကလဲလို လို့အစွဲပြုပြီး စေတီတော်ကိုလဲ ထီးလိုမင်းလို လို့ဘွဲ့တော်အမည်ပေးခဲ့တာ ဖြစ်ကြောင်း မှတ်သားသိရှိရပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ အတိလောကမင်္ဂလာ အမည် မွန်ဘာသာ ကိုအဖတ်မှားရာက ထီးလိုမင်းလို လို့ခေါ်ရတာဖြစ်ကြောင်းဆိုကြပါတယ်။ ထီးလိုမင်းလိုဘုရားဟာ လှိုဏ်ဂူသုံးဆင့် ဘုရားဖြစ်ပြီး ဗိသုကာလက်ရာတွေကို ထူးခြားဖွယ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment