ဇော်ဂျီဖောင့်ရယူရန်
Labels
- စွယ်တော်လေးဆူ (2)
- ပုဂံဘုရားများ (17)
Blog Archive
နှလုံးသားသစ္စာ
ပြောကြမယ်
Followers
ပုဂံ-ညောင်ဦး
အာနန္ဒာဘုရားဟာ သရပါတံခါးရဲ့ အရှေ့တောက်ဘက်မှာ တည်ရှိပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့ ကောင်းမှု့တော်ဘုရား ဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီးဟာ နန္ဒမူလှိုဏ်ဂူတော်က ကြွရောက်လာကြတဲ့ ရဟန္တာမထေရ်မြတ် တို့ဆီကလှိုဏ်ဂူတော်အကြောင်း ကြားသိရပြီးတဲ့နောက် သဘောကျပြီး နန္ဒမူလှိုဏ်ဂူပုံစံ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါတယ်။ အာနန္ဒာဘုရား ပန္နတော်ပုံဟာ ပုဂံမှာရှိတဲ့ ဘုရားအားလုံးနဲ့ မတူညီတဲ့ဂရိကြက်ခြေခတ်ပုံ ဖြစ်ပါတယ်။ အာရုံခံလေးဘက်မှာ မုဒ်လေးမုဒ်ကို ထားရှိပြီးတော့ အလည်လေးမျက်နှာမှာ မက်ရပ်ရုပ်ပွားတော်ကြီးလေးဆူကို ပူဇော်ထားရှိတာကိုလဲ မြင်တွေ့နိုင်ပါတယ်။ အတွင်းဘက်စက်ြန်ပတ်လမ်း၂လမ်းကို အလင်းရောင် လုံလောက်စွာ ရရှိအောင် ဗိသုကာပညာနဲ့ စီစဉ်ထားရှိပုံကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဂူဘုရားအပြင်ဘက် ပစ္စယာမှာ ၅၅၀ဇတ်နိပါတ် စဉ့်ကွင်းတွေကိုမြင်တွေနိုင်ပါတယ်။

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment